J-cert စာမေးပွဲ လျှောက်လွာတင်ခြင်း နှင့် ပတ်သက်၍
(1) စာမေးပွဲ ဖြေဆိုဖို့ Test Voucher ရရှိရန် မိမိအချက်လက်များကို ဖြည့်သွင်းပါ။
(2) မိမိဖြေဆိုမည့် ကျောင်းကို ရွေးချယ်ပြီး စာမေးပွဲကြေား 44,000 ကျပ်ကို မိမိဖြေဆိုရန်ရွေးချယ်သည့် Test Center တွင် ပေးချေပါ။
(3) Test Voucher သည် စာမေးပွဲဖြေဆိုမည့် မနက်တွင် ဖြေဆိုရမည့် Test Center တွင် ထုတ်ပေးပါမည်။
(4)စာမေးပွဲအား မိမိဖြေဆိုရန် ရွေးချယ်ခဲ့သည့်ကျောင်းတွင် သွားရောက်ဖြေဆိုပါရန်။
J-cert စာမေးပွဲ လမ်းညွှန်၊ Test Voucher နှင့်ပတ်သက်၍
(1) စာမေးပွဲနေ့ တွင် Test Voucher ကို Test Center တွင် ထုတ်ပေးပါမည်။
(2) မှတ်ပုံတင်၊ ခဲတံ၊ ခဲဖျက်များယူဆောင်လာပေးပါ။
(3)စာမေးပွဲလျှောက်လွှာတင်စဉ်က မိမိရွေးချယ်ခဲ့သော ကျောင်းသို့ စာမေးပွဲဖြေဆိုမည့်နေ့ တွင် မနက် ၆:၃၀ မှ ၈း၃၀ အတွင်း အရောက်လာပေးပါ။
(4) စာမေးပွဲတာဝန်ကျသူများမှ မိမိယူဆောင်လာသည့် Test Voucher နှင့် မိမိမျက်နှာအား တိုက်စစ်ရန် ဓါတ်ပုံ ရိုက်ယူပါမည်။ ထိုအချိန်တွင် ရိုက်ယူသောဓါတ်ပုံသည် ဂျပန်ဘက်တွင် စာရင်းသွင်းခံရပြီး ဗီဇာလျှောက်သောအခါနှင့် ဂျပန်ဘက်လုပ်ငန်းများမှလည်း အချက် အလက်များတောင်းခံသည့်အခါ အသုံးပြု ပါမည်။
ထို့ အတွက်ဖြစ်နိုင်လျှင် အင်္ကျီအဖြူ ရောင်ကို ဝတ်ဆင်ရန် တိုက်တွန်းပါသည်။ မိန်းခလေးများသည်လည်း မျက်နှာနှင့် တိုက်စစ်သည့်အခါ အဆင်ပြေစေရန် တတ်နိုင်သမျှ သနပ်ခါးများ၊ အလှပြင်မိတ်ကပ် အများအပြား မလိမ်းလာရန် တိုက်တွန်းအပ်ပါသည်။
(5)Test Voucher နှင့် လိုအပ်သည်များကို စစ်ဆေးမည့်အချိန် မနက် ၆း၃၀ မှ ၈း၃၀ အထိ
စာမေးပွဲ အချိန်စာရင်း
Reading(9:00 AM – 10:00 AM)
Listening(10:20 AM – 10:50 AM)
Grammar(11:00 AM – 11:45 AM)
(6)စာမေးပွဲတွင် မမှန်မကန်မပြု လုပ်ရန်။
- မမှန်မကန်ပြု လုပ်ပါက စာမေးပွဲဖြေဆိုခွင့်မပြု ပါ။
- စာမေးပွဲချိန်နောက်ကျပါက ဖြေဆိုခွင့်မပြုပါ။
- စာမေးပွဲမေးခွန်း ယူဆောင်သွားခွင့်မရှိပါ။
- စာမေးပွဲမေးခွန်းအား ပြန်မပေးနိုင်ပါက အောင်လက်မှတ်ထုတ်ပေးမည် မဟုတ်ပါ။
(7)စာမေးပွဲဖြေဆိုမည့် ကျောင်း၏လိပ်စာများနှင့် ပတ်သက်ပြီး မိမိဖြေဆိုရန်ရွေးချယ်ခဲ့သော ကျောင်းသို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းပါ။
(8)မိမိ၏ Email သို့ Test Voucher မရောက်ပါက စာမေးပွဲရက်မတိုင်မှီ ၁ပတ်အလို နောက်ဆုံးထား၍ Myanmar J-cert ရုံးသို့ အကြောင်းကြားပေးပါ။
(9)နာမည်၊ ID နံပါတ် မှားယွင်းပါက အောင်လက်မှတ်တွင်လည်း အမှားအတိုင်း ထွက်လာ ပါမည်။ အမှားပြင်ခြင်သည့်အခါ ၁၀,၀၀၀ ကျပ်ပေး၍ ပြင်ဆင်နိုင်ပါသဖြင့် ဆက်သွယ်နိုင် ပါသည်။
(10)အခြားမေးစရာများရှိပါကလည်း စာမေးပွဲရက်မတိုင်မှီ ၁ပတ်အလို နောက်ဆုံးထား၍ ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။