J-cert日本語検定申込について
(1)本画面からエントリー登録します。
စာမေးပွဲဖြေဆိုဖို့ Test Voucherရရှိရန် မိမိ၏အချက်အလက်ဖြည့်သွင်းကြရအောင်
(2)選択した「公式パートナー指定学校」で受験料 Ks 43,000を支払ってください。
မိမိဖြေဆိုမည့်ကျောင်းကိုရွေးချယ်ပြီး စာမေးပွဲကြေး43,000ကျပ်ကို မိမိဖြေဆိုရန်ရွေးချယ်သည့်ကျောင်းတွင်ပေးချေပါ
(3)受験料支払から5日以内にE-mailで受験票配布します。
စာမေးပွဲကြေးပေးချေပြီး 5ရက်အတွင်းတွင် Test Voucherကိုမိမိ၏ Emailသို့ ပို့ပေးပါမည်
(4)試験当日に受験票のカラープリントを各自持参してください。
E-Mailသို့ပို့လာသည့် Test Voucherအား Color Printထုတ်ပြီးတော့ စာမေးပွဲဖြေဆိုမည့်နေရာသို့ ယူဆောင်လာပါရန်
(5)選択した「公式パートナー指定学校」で試験実施。
စာမေးပွဲအား မိမိဖြေဆိုရန်ရွေးချယ်ခဲ့သည့်ကျောင်းတွင် သွားရောက်ဖြေဆိုပါရန်
J-cert テストのご案内、受験票、マークシート解答3枚について
စာမေးပွဲနေ့တွင် Test Voucher နှင့် အဖြေလွာစာရွက်သုံးစောင်ကို A4 Color Printထုတ်၍ ယူဆောင်လာပါ။
အဖြေလွာစာရွက်တွင်ပါသော အမဲရောင်လေးထောင့်ကွက်လေးသည် 1cmရှိပါသည်။ A4 စာရွက်ထုတ်ငည့်အခါ ထိုအမဲရောင်လေးထောင့်ကွက်လေးတွင် 1cm ရှိမရှိကို သေချာစွာစစ်ဆေးပါ။
တခြားလုပ်ဆောင်ရမယ့်အရာများ
မှတ်ပုံတင်၊ ခဲတံ၊ ခဲဖျက်များယူဆောင်လာပေးပါ။
(1) စာမေးပွဲလျှောက်လွာတင်စဉ်က မိမိရွေးချယ်ခဲ့သောကျောင်းသို့ 3လပိုင်း 5ရက်စာမေးပွဲဖြေဆိုမည့်နေ့တွင် မနက် 6:30 မှ 8:30အတွင်း အရောက်လာပေးပါ။
(2)စာပေးပွဲတာဝန်ကျသူများမှ မိမိတွင်ယူဆောင်လာသည့် Test Voucherနှငိ့ မိမိမျက်နှာအား တိုက်စစ်ရန် ဓာတ်ပုံရိုက်ယူပါမည်။ ထိုအချိန်တွင်ရိုက်ယူသောဓာတ်ပုံသည် ဂျပန်ဘက်တွင်စာရင်းသွင်းခံရပြီး ဗီဇာလျှောက်သောအခါနှငိ့ ဂျပန်ဘက်လုပ်ငန်းများမှလည်း အချက်အလက်များတောင်းခံသည့်အခါ အသုံးပြုပါမည်။
ထို့အတွကိ ဖြစ်နိုင်လျှင် အက်ျီ အဖြူရောင်ကိုဝတ်ဆင်ရန်တိုက်တွန်းပါသည်။ မိန်းကလေးများသည်လည်း မျက်နှာနှငိ့တိုက်စစ်သည့်အခါအဆင်ပြေစေရန် တတ်နိုင်သမျှ သနပ်ခါးများ ၊ အလှပြင်မိတ်ကပ် အများအပြား မလိမ်းလာရန် တိုက်တွန်းအပ်ပါသည်။
(3) Test Voucherနှင့် လိုအပ်သည်များစစ်ဆေးမည့်အချိန် 6:30 Am ~ 8:30 Am
Reading 9:00Am~ 10:00 Am
Listening 10:20Am ~ 10:50 Am
Grammar 11:00Am ~ 11:45 Am
စာမေးပွဲဖြေဆိုသည့်အခါ ဖုန်းများကိုအသံပိတ်ပြီး သတ်မှတ်ထားသော နေရာများတွင် ထားပေးပါ။
(4) စာမေးပွဲတွင် မမှန်မကန်မပြုလုပ်ရန် ။
မမှန်မကန်ပြုလုပ်ပါက စာမေးပွဲဖြေဆိုခွင့်မပြုပါ။
စာမေးပွဲချိန်နောက်ကျပါက ဖြေဆိုခွင့်မပြုပါ။
စာမေးပွဲမေးခွန်းယူဆောင်သွားခွင့်မရှိပါ။
စာမေးပွဲမေးခွန်းအား ပြန်မပေးနိုင်ပါက အောင်လက်မှတ်ထုတ်ပေးမည်မဟုတ်ပါ။
* စာမေးပွဲဖြေဆိုမည့် ကျောင်း၏လိပ်စာများနှင့်ပတ်သက်ပြီး မိမိဖြေဆိုရန်ရွေးချယ်ခဲ့သောကျောင်းသို့ တိုက်ရိုက်မေးမြန်းပါ။
* Test Voucher ၊ အဖြေလွာစာရွက် ၃စောင် မိမိ၏ Mail သို့မရောက်ပါက 3လပိုင်း 3ရက်နေ့မတိုင်မှီ Myanmar J-Certရုံးသို့ မပျက်မကွက် E-Mailမှ အကြောင်းကြားပေးပါ။
* နာမည်၊ ID နံပါတ် မှားယွင်းပါက အောင်လက်မှတ်တွင်လည်း အမှားအတိုင်းထွက်လာပါမည်။ အမှားပြင်ချင်သည့်အခါ 10,000ကျပ်ပေး၍ ပြင်ဆင်နိုင်ပါသဖြင့် E-Mailမှတစ်ဆင့်ဆက်သွယ်ပေးပါ။
* တခြားမေးစရာများရှိပါကလည်း
3လပိုင်း3ရက်နောက်ဆုံးထားပြီး E-Mail မှအကြောင်းကြားပေးပါ။